သူငယ်ချင်းများသို.

ဒီsite က ကျွန်တော်ရဲ. ဒုတိယမြောက်ခြေလှမ်းပါ www.uofclub.ning.com ကနေ ပြောင်းရွေ.လာခဲ့တာဖြစ်ပါတယ် ၀ါသနာအရ အခက်အခဲအမျိုးအမျိုးကြားထဲက လုပ်ဖြစ်ခဲ့တာပါ သစ်တောကျောင်းသားဘ၀ခံစားချက်လေးတွေပါမယ် ပြီးတော့ Environmental ဆောင်းပါးတွေ လူငယ်ဆန်တဲ့ ခံစားချက်တွေရေးပါမယ် ရံဖန်ရံခါ နည်းပညာလေးတွေကိုရောပေါ့ဗျာ အချိန်ကုန်ခံပြီးလာဖတ်ကြမယ့် သူငယ်ချင်းတွေကို တစ်ခုခုတော့ အကျိုးအမြတ်ရရှိအောင်ကြိုးစားပါ့မယ် ဆက်သွယ်လိုတယ် အကြံပေးလိုတယ်ဆိုရင်တော့.....atta3000@gmail.comကို အကြံဥာဏ်ပေးပို.နိုင်ပါတယ်ဗျာ

ဖြစ်စေသင့်သည်

|
နည်းပညာဘလော့တွေ အရမ်းကို ခေတ်စားနေကြတဲ့ အချိန်မှာ Environmental နဲ. ပတ်သက်တဲ့ မြန်မာဆိုဒ်ကလေးတွေ တော်တော်ကို နည်းပါးနေပါသေးတယ် လက်ရှိအချိန်မှာမြန်မာနိုင်ငံမှာ အကောင်းဆုံးလို. ယူဆရတဲ့ ဆိုဒ်ကတော့http://www.changingclimate.asia ပါပဲ အရမ်းကောင်းပါတယ် (ကျွန်တော်သိသလောက်ပေါ့နော်) 
ဒီအချိန်မှာ ကျွန်တော်ရေးကြည့်ချင်တာလေးတွေ ကိုလည်း အနည်းအကျဉ်းချရေးကြည့်မယ် ၊ သူငယ်ချင်းတွေရေးတာကိုလည်း share လုပ်ပေးမယ်ဆို တဲ့ ရည်ရွယ်ချက်ကလေးတွေနဲ. ကျောင်းတစ်ဖက်နဲ.မအားတဲ့ကြားက ဒီ web page ကလေးကို ဖန်တီးခဲ့တာပါ ၊
(အော် ကိုယ်ပြသနာကိုယ်ရှာတဲ့ကောင်နော် ကိုယ် coin ကိုယ်ရှာတာ သက်သက်မဲ့ ။)ဘယ်သူတွေ ဘယ်လို အစွန်းရောက်အောင်မြင်မြင် ကိုယ်လုပ်ချင်တာလေးကိုယ်လုပ်တာ ကိုယ်လုပ်နိုင်တာလေးကိုယ်လုပ်ပေးတာ ကိုယ်ရေးချင်တာလေးကိုယ်ရေးတာ ဘယ်သူ.ကိုမှ ကျွန်တော် မစော်ကားပါဘူး ။
ကိုယ်ပိုင်နိုင်သလောက် ကိုယ်တတ်နိုင်သလောက် ရေးကြည့်ချင်တာတွေရေးမယ် သူငယ်ချင်းတွေအားလုံးကို သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ပုရွက်ဆိတ် ဦးနှောက်ထဲကနေ ဖြုတ်ပေးကြည့်ချင် share လုပ်ပေးကြည့်ချင်တာပါပဲရှိတော့တယ် နက်နက်နဲနဲတွေးတော့ဘူးဗျာ ဟဲ:P
လွန်ခဲ့တဲ့ အပတ်က ကျွန်တော်မေးလ်ထဲကို ''ရွေကျွန်းသား'' ဆိုဒ်ကနေ အထူးသတင်းဆိုပြီးရောက်လာတယ်
လနဲ.အရမ်းနီးကပ်ခဲ့တဲ့ ကြယ်တစ်လုံးအကြောင်းပေါ့ သူကတော့ update ဖြစ်ပါတယ် မြန်လိုက်တာဗျ အချိန်နဲ.တပြေးညီတင်ပေးလိုက်တာဗျ တကယ့်သူဆိုဒ်မှာလည်း သူကိုယ်ပိုင်ကင်မရာလေးနဲ. ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ တွေပါ ပါဝင်ခဲ့ပါတယ် ။
အဲဒီတော့ဗျာ သူက discussion လုပ်ပေးတယ်ပေါ့ ဒီထူးဆန်းမှုကြီးကနေ ဘာတွေဆက်ဖြစ်မလဲ ပေါ့ ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကနေ မြင်လိုက်ရတဲ့ မြင်ကွင်းပါ ။ကျွန်တော်တို. ဘော်ဒါအဖွဲ.တွေလည်း ထမင်းစားသောက်နေရင်းမြင်လိုက်ကြရတာလေ ။ ဘာတွေဆက်ဖြစ်မယ် ဆိုတာ နိမိတ်ဖတ်သလို ကြယ်တွေကို ကြည့်ပြောစရာမလိုလောက်တော့ပါဘူး ။ 


ကျွန်တော်တို. ကမ္ဘာကြီးမှာ နေ.စဉ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ၊ပြီးတော့ ဘယ်နေရာမှာ မုန်းတိုင်းကျသွားလို. လူဘယ်နှစ်သန်းသေဆုံးသွားပြီဆိုတဲ့သတင်းတွေ ၊ ရေကြီးလို. ၊တောမီးလောင်လို.၊စတဲ့ စိတ်မချမ်းသာစရာ သတင်းတွေနဲ. ရင်းနှီးလာခဲ့ရတာ တော်တော်ကြာသွားပါပြီ ကြာခဲ့ပါပြီလေ
ဒီနှစ် ကျွန်တော်တို.နေထိုင်နေရတဲ့ မြန်မာနိုင်ငံမှာရော ဘာထူးလဲ မုတ်သုံဝင်ကနောက်ကျ ပြီးတော့ ပူလိုက်တဲ့ အပူတွေ စံချိန်တင် အပူတွေကို ဖြစ်သွားတာ 
လာပါပြီ ကျွန်တော်တို. ကျောင်းတက်နေရတဲ့ ရေဆင်းက ထိပ်ဆုံးက အပူချိန် 45 .C 46.C ဘယ်သူခံနိုင်မှာလဲဗျာနော့ လူတွေဟာ 46.C အထက်မှာ သူတို.ရဲ. biochemical activity အလုပ်တွေ ကောင်းကောင်းမွန်မွန် မလုပ်နိုင်ကြတော့ဘူးမို.လား 
ဒါနဲ. နေပူဒာဏ် ဘယ်လိုကာကွယ်မလဲဆိုတော့ အင်တာနက်ဆိုင်မှာပဲ ဘော်ဘော်တွေစုပြီး ခွေနေကြရတော့တာပေါ့ ကျောင်းကလည်း နေ.လည်ခင်းပိတ်ထားလို. ကျေးဇူးတင်ပေးရသေးတယ် နို.မို.ဆို...........မလွယ်ဘူး
ကမ္ဘာဖျက်ကပ်တွေ ရှိတယ်လေ လေဖျက်လို.ပျက်တဲ့ကမ္ဘာ ရေဖျက်လို.ပျက်တဲ့ကမ္ဘာ မီးဖျက်လို. ပျက်တဲ့ကမ္ဘာ
ခုတော့ ကြိုက်ရာနဲ.ဖျက် ကမ္ဘာဟာ ပျက်သုဉ်းတော့ဖို.တာစူနေတဲ့ အနေအထားကို ရောက်လာပါပြီ
ဒါကြောင့် ဒီကမ္ဘာကိုဖျက်တဲ့ အဓိကတရားခံဟာ လူပါပဲ ။လူဖျက်တဲ့ကမ္ဘာပါပဲ ကျွန်တော်တွေတစ်တွေရဲ. မသိနားမလည်ဆိုးချင်တိုင်းဆိုး ပေချင်တိုင်းပေ ဆိုးပေလုပ်ခဲ့တာတွေ အမြတ်ထုတ်ချင်တဲ့ စိတ်တွေ
Substainable ဖြစ်အောင် Resource တွေကို ထုတ်မသုံးခဲ့တာတွေက အကောင်ကြီး ဘွားခနဲ ပြမှ အရိပ်အမြွှတ်လောက်မြင်နေခဲ့ရတာပါပဲ 
နာဂစ် ဖြစ်တယ် ကိုယ်သာပါမသွားတာ စဉ်းစားကြည့် တွေးကြည့်ပေါ့
မပြောကောင်းပြောကောင်း ကိုယ့်မိဘတွေ မောင်နှမတွေ နာဂစ်ထဲပါသွားလို. ရုပ်ပျက်ဆင်းပျက် အသေဆိုးနဲ. သေခဲ့ရတဲ့အကြောင်း စိတ်ကူးနဲ.ပဲ တွေးကြည့်ပေါ့ 
ပျော်နိုင်ကြမလား ရယ်နေမလား ခင်ဗျားတို.ပဲ စဉ်းစားကြည့်ပေးပါဗျာ ပေါ့ပေါ့မတွေးနဲ.ဗျာ နာဂစ်ပုံလေးတွေ ရှာထားတယ် ပြန်ကြည့်ကြည့်ပါအုံး
































ကဲ ဘယ်လိုရှိစ အခုတောကိုယ့်အလှည့်မဟုတ်သေးဘူးပေါ့ နောင်ကိုယ်အလှည့်ဆို ဘယ်လိုလုပ်ကြမလဲ နိုင်ငံရဲ. Policy မှာ သဘာဝပတ်ဝန်းကျင်ကို တင်းတင်းကျပ်ကျပ်ဖြစ်စေသင့်ပြီ Protection ပေးဖို. နိုင်ငံသားတိုင်းတာဝန်ဖြစ်စေသင့်ပြီ.....................

အသက်ပြည့်ပြီးသူတိုင်း ကမ္ဘာကို ကာကွယ်ရန် တာဝန်ယူစေသင့်ပြီ
တွေးမိပါသည် မျှော်လင့်မိပါသည် တောင့်တပါသည်။.........။










အတာ

0 comments: