သူငယ်ချင်းများသို.

ဒီsite က ကျွန်တော်ရဲ. ဒုတိယမြောက်ခြေလှမ်းပါ www.uofclub.ning.com ကနေ ပြောင်းရွေ.လာခဲ့တာဖြစ်ပါတယ် ၀ါသနာအရ အခက်အခဲအမျိုးအမျိုးကြားထဲက လုပ်ဖြစ်ခဲ့တာပါ သစ်တောကျောင်းသားဘ၀ခံစားချက်လေးတွေပါမယ် ပြီးတော့ Environmental ဆောင်းပါးတွေ လူငယ်ဆန်တဲ့ ခံစားချက်တွေရေးပါမယ် ရံဖန်ရံခါ နည်းပညာလေးတွေကိုရောပေါ့ဗျာ အချိန်ကုန်ခံပြီးလာဖတ်ကြမယ့် သူငယ်ချင်းတွေကို တစ်ခုခုတော့ အကျိုးအမြတ်ရရှိအောင်ကြိုးစားပါ့မယ် ဆက်သွယ်လိုတယ် အကြံပေးလိုတယ်ဆိုရင်တော့.....atta3000@gmail.comကို အကြံဥာဏ်ပေးပို.နိုင်ပါတယ်ဗျာ

ဖောက်တဲ့လမ်း

|

ပျော်ရွင်ခြင်းကို တွေ.တဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေ.ရှိခြင်းပါပဲ
အဲဒီတွေ.ရှိခြင်းက
နာမည်ကျော် ရှာဖွေတွေ.ရှိခြင်းမဟုတ်သလို
အပေါစားပျက်လုံးတစ်ခုလောက်လည်း မညံ့ပါဘူး


ဒီနေ.
ပူပန်ခြင်း ကျရူံးခြင်းတွေကို
ခေါင်းဆေးပစ်လိုက်တယ်
လက်ရှိအခိုက်အတန်.လေးမှာပဲ
ပျော်ရွင်မယ်
မိုးတွေကျလာတယ်
အနှစ်သက်ဆုံး အနုပညာတစ်ခုနဲ.
မိုးစက်လေးတွေထဲ
လမ်းဆင်းလျှောက်မယ်။……………………….။


စံပယ်တွေ ကြွေလေတယ်
လွမ်းလို.ကျတဲ့ မျက်ရည်
ချစ်လို.ရတဲ့ အပြုံး
ခံစားလို.ရတယ်
အရသာကအတူတူပဲ
လူဆန်တဲ့နှလုံးသားရှိတယ်
ဘယ်တော့မှအထီးကျန်မဆန်ဘူး………
တကယ်တော့
အရာရာပြည့်စုံပါလျက်
လူမဆန်တဲ့နှလုံးသားဟာ
အဟာရချို.တဲ့တယ်
ချူချာတယ်။……………။


အခန်းလေးထဲမှာ
အစိမ်းရောင်သစ်ပင်လေးတွေ စိုက်လိုက်တယ်
မျှော်လင့်ချက် လို.နာမည်ပေးမယ်
တတ်နိုင်တာလေးတွေ လုပ်နိုင်သလောက်လုပ်မယ်
ရှိတာလေးတွေနဲ. ရောင့်ရဲတတ်တယ်
ကြုံရင် စိတ်ထဲက အခဲလေးတွေကို ဟာသ လုပ်ပြီး
တွေ.တဲ့လူတိုင်းပွဲကျသွားစေမယ်။……………။
ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ဘူး
အပူအပင်ကင်းကင်း
အိပ်ရာဝင်ဖို.
ကိုယ့်နှလုံးသားနဲ.ကိုယ် ချိတ်ဆက်ထားမယ်
နှလုံးသားအနုပညာနဲ.
စီးမျောရမယ်
ရေစုန်ရေဆန် သဘောနားလည်ရမယ်……………။


နောင်နေ.ရက်များစွာကို ကြိုဆိုပြီး
အမြင်သစ်နဲ. ကြည်.လိုက်တယ်(တော်ပြီ)
စခဲ့တာကို အဆုံးသတ်လိုက်တော့မယ်။…………………။


                                                                                                   အတာ 

0 comments: